ကြည့်မြင်တိုင်မြို့နယ် လမ်းကျယ်ပေါ်တွင် တည်ရှိပြီး လူနေထိုင်ရန်သာမက ကုမ္ပဏီရုံးခန်း၊ သင်တန်းကျောင်း၊ အွန်လိုင်းအရောင်းဆိုင်၊ စပါ သို့မဟုတ် ဆေးခန်းဖွင့်လှစ်လိုသူများအတွက်ပါ အထူးသင့်လျော်ပါသည်။ မြေရှင်ရှိပြီး စာချုပ်စာတမ်း အပြည့်အစုံပါရှိသဖြင့် စိတ်ချလက်ချ ဝယ်ယူပိုင်ဆိုင်နိုင်ပါသည်။
အခန်းတွင်း၌ မျက်နှာကြက်အမြင့်ဒီဇိုင်း၊ သစ်သားပါကေးခင်းများနှင့် အလှဆင်မျက်နှာကြက်မီးဆိုင်းများ တပ်ဆင်ထားပြီး ကျယ်ဝန်းသပ်ရပ်စွာ ဖွဲ့စည်းထားပါသည်။ မှန်တံခါးလျှောများနှင့် အတွင်းဘက်ပြတင်းပေါက်များကြောင့် သဘာဝအလင်းရောင် ကောင်းစွာရရှိစေပါသည်။
ကြည့်မြင်တိုင်ဘူတာနှင့် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး အပါအဝင် အဓိကနေရာများသို့ အလွယ်တကူ သွားလာနိုင်သော သွားလာရေးအဆင်ပြေသည့် ပတ်ဝန်းကျင်တွင် တည်ရှိပါသည်။